အချစ်....
ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်း စာပေနဲ့အနုပညာရှင်တိုင်း ဒီအချစ်ဆိုတဲ့ စကားလုံးကို အဓိပါယ်အမျိုးဖွင့်ခဲ့ကြတယ်။
ဒါပေမဲ့ ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းက ဘယ်လိုပဲ အနက်အဓိပါယ် အမျိုးမျိုးဖွင့်ခဲ့ကြပါစေ ပြီးပြည့်ဆုံမှု့မရှိဘူးလိုသတ်မှတ်ထားဆဲပါ။
ငယ်ရွယ်စဉ်ကျောင်းသားဘ၀မှာ အချစ်ဆိုတာကို ကြုံခဲ့ရဘူးတယ်
ဘာမှန်းညာမှန်းအသေချာတော့မသိခဲ့ဘူး။ပျော်စရာတော့ကောင်းတယ် ရင်ခုန်ကြည်နူးမူ့တွေအပြည့်ပေါ့ဗျာ အပေါင်းအသင်းသူငယ်ချင်းတွေစကြနောက်ကြ စိတ်ဆိုးကြ ပြန်ခေါ်လိုက် ကြနဲ့တကယ်ကိုပျော်ဖို့ကောင်းပါတယ်။ဒိထက်တဆင့်တက်လာပြီတော့ မြတ်မြတ်နိုးနိုး ယုယမူ့လေးတွေ ကြည်နူးမူ့လေးတွေနဲတင်အပျော်ကြီးပျော်ခဲ့ရဘူးတယ်။မမြင်ရမနေနိုင်အောင် မျက်စိအောက်ကအပျောက်မခံနိုင်လောက်လည်းသဲသဲလူပ်ဖြစ်ခဲ့ကြဖူးတယ်။
ကျွန်တော်တို့ပညာသင်ချိန်လွန်မြောက်လို့ဘ၀ကို ရင်ဆိုင်တိုက်ပွဲဝင်ကြဖို့ ခြေလှမ်းတွေ သွက်လက်နေချိန်မှာလည်းအချစ်ဆိုတာကို ကြူံ ခဲ့ရတယ်။ ရင်ကျက်တဲ့အရွယ် ရောက်လို့ ဘ၀တစ်ခုကိုတည်ဆောက်ခဲ့ကြပြန်တော့လည်း ကြည်နူးစရာကောင်းတဲ့နွေးထွေးတဲ့မိသားစုဘ၀လေးကို ဒီအချစ်ကြောင့်ပဲရခဲ့တယ် ဒီအချစ်ဆိုတာကပဲမွေးဖွားပေးလိုက်တယ်။
ဒီအချစ်အကြောင်းတော့ ဘယ်လိုပဲပြောပြော ပြီးပြည့်စုံတယ်ဆိုတာမရှိခဲ့သလိုပဲ အချစ်ကမွေးဖွားပေးလိုက်တဲ့ ကျွန်တော့်ရဲ့မိသားစုဘ၀လေးထဲကို ကျွန်တော်တို့ကချစ်ရမဲ့ ကျွန်တော်တို့ကို ပြန်လည်ချစ်မြတ်နိုးကြမဲ့ သားသားမီးမီးလေးတွေကိုလည်း ချစ်စိတ်တွေအပြည့်နဲရင်ခုန်စွာစောင့်စားလျက်ပါ။
Jan 26, 2015
Nov 27, 2013
စကားပြောသောဓါတ်ပုံများ
အရိပ်ပြတိုင်းအကောင်မြင် တတ်တဲ့အကျင့်ကဒိတခါတော့မကောင်းတော့ဘူးနဲ့တူတယ်နော့်..:P
တခါတလေတော့လည်း မြင်တာကိုမြင်သလို မပြောပဲနေတာကိုကပိုကောင်းတယ်ဗျ...:)
ကျွန်တော်ငယ်ငယ်ကအရမ်းတွေးတတ်တာ...။ ပေါက်တတ်ကရတွေကိုမှတွေးတတ်တာ
ငယ်ငယ်ကကျောင်းပိတ်တော့ အဖိုးအဖွားတွေရှိရာရွာကိုသွားလည်တယ် ညဘက် ကောင်းကင်မှာလမင်းကြီးက ထိန်ထိန်သာနေတာကိုတွေ့ တော့
တွေးမိတယ်။တော..က လမင်းကြီးကတော်တော် ထိန်လင်းနေတာပဲပေါ့။
ဒီလိုနဲရန်ကုန်လည်းပြန်ရောက်ရော...လမင်းကြီးက သိပ်မလှတော့ဘူး ဒိတော့တွေးမိပြန်သေးတယ်
ရန်ကုန်က လမင်းနဲတောကလမင်းကြီး ကပိုလှတယ် နောက်ထပ်ရွာတွေမှာလည်းဒီလို...လမင်းကြီးတွေရှိကြဥိးမှာပဲလို...:)
အခု...အချိန် ဒီအသက်အရွယ် ရောက်တဲ့အထိတခါတလေ ပေါက်တတ်ကရတွေးမိသေးတယ်...
တကယ်လိုများ....မိုနာလီဆာဆိုတဲ့ အမျိုးသမိး ဒီနေအထိရှိနေဥိးမယ်ဆိုရင် ဘယ်လိုပုံစံများနေလိမ်မလဲလိုပေါ့.....
ယောင်္ကျားဆိုတာ...:)
....... ယောင်္ကျားဆိုတာ....
အခုမှအသစ်စက်စက် မင်္ဂလာဆောင်ထားတဲ့ယောင်္ကျာတစ်ယောက်ကသူမိန်းမရဲဖုန်းနံပါတ်ကို သူဖုန်းထဲမှာ
ဒီလိုလေး ရိုက်ထဲ့ထားတယ်......My Life
အိမ်ထောင်သက်တစ်နှစ်လောက်ကြာလာတော့ ဒီလိုလေးပြန်ပြောင်းလိုက်တယ်......My Wife
၂ နှစ်လောက်ကြာလာတော့ ဒီလိုလေးပြောင်းလိုက်ပြန်ရော......"Home"
၅ နှစ်လောက်ကြာလာတော့ ဒိလိုထပ်ပြောင်းပြန်ရော "Hitler"..!!
၁၀ နှစ်လောက်ရှိလာတော့ ဒီလိုဖြစ်သွားရော "WRONG NUMBER "..!!!
အင်တာနက်ပေါ်ကစာစုလေးကိုဘာသာပြန်ဆိုပါသည် ....ဒီမိုးတိမ်...:)
Subscribe to:
Posts (Atom)