မိတ်ဆွေတိုရဲ့ကွန်မန့်တွေကကျွန်တော့အတွက်အားဆေးတစ်ခွက်ပါ

Jun 14, 2012

တောကြောင်လိုလူစားများ..

'''ဒို့နှစ်ယောက်ကအဆင်မပြေဖြစ်နေ..ပြည်တွင်းစစ်ဖြစ်နေကြရင်တောကြောင်တွေလက်ခမောင်းခတ်မယ်ယုံ""
ဒီသိချင်းလေးကိုကြားဖူးကြမှာပေါ့။စိုးလွင်လွင်ဆိုထားတာပါ။ချစ်သူနှစ်ဥိး အဆင်မပြေဖြစ်နေကြရင် မနာလိုကြတဲ့ဘေးလူတွေ ၀င်လာနှောင့်ယှက်လို့ ဝေးသည်ထက် ဝေးကြမယ့် အခြေအနေကိုကြိုမြင်မိတဲ့ အတွက် ချစ်သူကိုသတိထားဖို့ ချစ်စိတ်နဲ ပြောနေတဲ့ အဓိပါယ်ပါ။
ဒိသီချင်းလေးကိုကြားမိတိုင်းငယ်ငယ်ကအဖြစ်အပျက်လေးကိုပြန် သတိရမိတယ်။
ကျွန်တော်တို့ငယ်ငယ်တုန်းက မူလတန်းကျာင်းသားအရွယ်မှာ နိုင်ငံရေးအခြေအနေက တစ်နေ့ရွှေတစ်နေ့ငွေလိုအခြေအနေမျိုးပါ။
မကြာခနဆိုသလိုနေရာ အနှံအပြားမှာမိးလောင်တတ်တယ်။
သမ၀ါယဆိုင်ကိုဘယ်နေ့စာရင်းစစ်လာတော့မလဲလာခါနီးပြီဆိုရင်မိးလောင်တော့တာပါပဲ။
မိးကွင်းပစ်တယ်လို့ခေါ်ကြတယ်။အထက်က စာရင်းစစ်လာတော့မယ် ဆိုရင် သမ၀ါယမ(တချို့) ဆိုင်ရဲတာဝန်ခံက သူ့ရဲလုပ်ကွက်တွေ စာရင်းဖျောက်ထားတာတွေကို အထက်ကလူကြီးတွေသိရင် အလုပ်ပြုတ်မယ်၊ထောင်ကျမယ် ဒါတွေကိုကြောက်ပြိး မိးကွင်းပစ်ပြီးမိးလောင်အောင်လုပ်တယ်လို့ လူကြီးတွေက ပြောပြလို့ မှတ်သားခဲ့ရဘူးတယ်။ဒီလိုလုပ် တတ်တဲ့ လူတွေရဲ့ကြားမှာ မြေဇာပင်ဖြစ်ခဲ့ရတာကတော့ ကျွန်တော် နေထိုင်ကြတဲ့ ရပ်ကွက်သူရပ်ကွက်သားတွေပါပဲ။သမ၀ါယမဆိုင် မိးတစ်ခါလောင်တိုင်း ရပ်ကွက်တွေ မိးဘေးသင့်ပြိး လူတွေအိုးမဲ့အိမ်မဲ့ ဘ၀ကိုရောက်ကြရတယ်။
အဲဒိလို့ အခြေအနေတွေကြုံလာရတဲ့အခါ တောကြောင်တွေ လက်ခမောင်းခက်တယ် ဆိုတဲ့စကားကို ကိုယ်တွေ့ ကြုံခဲ့ရတယ်။ရပ်ကွက်ထဲမှာ မိးခနခနလောင်လို့ အမေက ကျွန်တော်တိုမောင်နှမ၃ယောက်ကိုခေါ်ပြီး သင်ပေးထားတယ် မိးလောင်တယ်လိုအသံကြားရတိုင်း ကိုယ့်ရဲကျောင်းလွယ်အိပ်နဲစာအုပ်တွေရယ် လက်ဝတ်လက်စားအနည်းငယ်နဲ့အရေးကြီးစာရွက် စာတမ်း တွေထည့်ထားတဲ့ သေတ္တာငယ်လေးတစ်လုံးကိုသာ အရယူဖို့ပဲမှာလေ့ရှိတယ်။ကျန်တဲ့ဘာပစ္စည်းကိုမှ မယူဖို့အတန်တန်သင်ပေးထားလေ့ရှိတယ်။
တစ်နေ့ ရက်ကွက်ထဲမှာမိးလောင်တော့ ကျွန်တော်တိုမောင်နှမတွေ ကိုယ့်ကျောင်းလွယ်အိပ်လေးတွေကိုယ်စိနဲ အမေကတော့ စောင်ကိုဖျန့်ခင်းပြိး အ၀တ်အစားတချိုကိုထည့် ပြီးဘေးလွတ်ရာပြေးကြဖို့ အဆင်သင့်ဖြစ်နေတယ်။
အဖေကတော့ မိသားစုပိုင် သေတ္တာငယ်လေးကို ပခုံးနဲထမ်း ကျန်တဲ့ပခုံးတစ်ဖက်မှာတော့ စောင်ထဲကို ၀တ်ထည့်ပြိးထုပ်ထားတဲ့ အ၀တ်တစ်ထုပ်နဲပေါ့ နောက်တစ်ခုထူးခြားတာက အဖေရဲ့လက်ထဲမှာ အလွန်ထက်မြက်တဲ့ ဓါးအရှည်ကြီးတစ်လက်ကိုလည်း ကျစ်ကျစ်ပါအောင် ကိုင်ထားသေးတယ်။ကျွန်တော်အဖေကိုကျွန်တော်ကြည့်ပြိး အံသြမိတယ် အသက်လုပြေးနေရတဲ့အချိန်မှာအဖေကဘာကြောင့်များ ဓါးရှည်ကြီးကိုင်ထားရသလဲလို့ပေါ့။
ဒိလိုနဲ့ မိးငြိမ်းသွားတော့ ကိုယ်အိမ်ကိုယ်ပြန်လာရတယ်။
မိးဘေးသင့်တဲ့လူတွေကတော့ အပူမိးကိုယ်စိနဲပေါ့။
အချိန်တွေကြာလို့မေ့မေ့ပျောက်ပျောက်ဖြစ်သွားတဲ့အခါ အရင်လိုပဲ မိးကွင်းပြစ်လို့ ညကြီးအချိန်မတော် ရပ်ကွက်ထဲမှာမိးထလောင် ပြန်ပါတယ် ထုံးစံအတိုင်း ကျွန်တော်တို့မိသားစု ဘေးသင့်ရာပြေးကြရပြန်တယ်။အဖေကတော့ ထုံးစံအတိုင်း ဓါးအရှည်ကြီးကျစ်ကျစ်ပါအောင်ကိုင်လို့ပေါ့။ဒိလိုနဲအခြေအနေတွေ အေးအေးစေးစေးဖြစ်သွားပြန်တော့ အိမ်ပြန်လာရပြန်တယ်။ကျွန်တော်က အဖေကို
""အဖေက ဘာဖြစ်လို့များမိးလာင်းလို့ပြေးတဲ့အခါတိုင်း...
ဓါးရှည်းကြီးကိုင်ထားရတာလဲ""လိုမေးမိပါတယ်...
ဒိတခါတော့ အဖေက သေသေချာချာရှင်းပြတယ် ""သားဘယ်နေရာမှမဆိုဘယ်လိုပြသနာတွေပဲဖြစ်ဖြစ်
 တောကြောင်တွေလက်ခမောင်းခက်တယ်ဆိုတဲ့စကားပုံကို  မှတ်ထား"'တဲ့ ""အခုလိုမိးလောင်တဲ့အခြေအနေမျိုးများသားဆိကအထုတ်အပိုးတွေကို 
တချို့လူတွေကဒိကိုပေးဒိကိုပေးဝိုင်းသယ်ပေးမယ်ဆိုပြီးတောင်းတဲ့လူတွေ တွေခဲ့ရသလား""တဲ့
"'တွေခဲ့တယ်အဖေလို့ပြန်ဖြေတော့"အဖေက ဆက်ပြောတယ်
""အဲဒိလူတွေကို သားပစ္စည်းတွေပေးလိုက်သလား""တဲ့ ကျွန်တော်ကခေါင်းခါပြီးပြောတယ် ""ဒိလိုပြေးလွှားနေရတဲ့အချိန်မှာသူကိုမှသားမှမသိတာအဖေရာသားသူကိုတို့ဘယ်မှာ
ပြန်လိုက်ရှာပြီးပြန်တောင်းလို့ရမလဲ""လိုဆိုတော့အဖေကပြောတယ်
"" အေး..အဲလိုလူတွေကိုတောကြောင်တွေလိုတင်စားပြီးပြောတာ
သားရဲ.. တောအုပ်ကြီးတစ်ခုမိးလောင် တော့မယ်ဆိုရင် တောရဲ့အရှင်သခင်တွေဖြစ်တဲ့ ခြင်္သေ့တွေကျားကြီးတွေမရှိတော့တဲ့အခါ ငြိမ်နေကြတဲ့ တောကြာင်တွေက ဟိုတစ်စုဒိတစ်စုပေါ်လာပြီး အားနည်းတဲ့ သတ္တ၀ါအငယ်လေးတွေကို ဖမ်းဆိးစားသောက်ကြတော့တာပဲ..အခုလိုအခြေအနေမျိုးမှာသားဆိက ကူသယ်ပေးမဲ့လို့ ပြောတဲ့သူတွေလိုပေါ့ကွာ..တကယ်တော့သူတိုက ပြေးလွှာနေရတဲ့အခြေအနေကို
အခွင့်ကောင်းယူပြီးသားဆီက ပစ္စည်းတွေကိုအချောင်လိုချင်လိုပေါ့သားရယ်တဲ့"'လေ။
ဒိလိုအဖေပြောခဲ့တဲ့စကားလေးကနှစ်ပေါင်းများကြာပြီတဲ့အခါ ဒိနေဒိအချိန်မှာ ကျွန်တော့အတွက် တစ်ခါပြန်ကြုံဖိုဖြစ်လာတယ်။ 
တိုင်းပြည်မငြိမ်မသက်ဖြစ်လာခဲ့ရင် တောင်ကြောင်တွေလိုစိတ်ထားမျိုးရှိတဲ့ လူတွေ အလျိုလျိုပေါ်လာလေ့ရှိတယ်။မငြိမ်မသက်ဖြစ်လာတဲ့အခြေအနေတွေကို နိုင်ငံကြီးသားပီသစွာ 
ထိန်းသိမ်းကြမှာဖြစ်သလို တောကြောင်လိုလူစားမျိုးတွေကိုလဲ ကျွန်တော်တို့ သတိကြီးစွာထားပြီးရှောင်ရှားကြရမှာပါ။
                  (လေးစားလျက်....ဒီမိုးတိမ်)

No comments:

Post a Comment

ကွန်မန့်တွေကအားဆေးတစ်ခွက်ပါ

Related Posts Plugin for WordPress, Blogger...