အချစ်နဲ့စစ်မှာမတရားတာမရှိဘူးလို့
လို့လောကမှာအဆိုရှိတယ်။ဒိအဆိုအမိန်လေးတစ်ခုကြောင့်ပဲ ကျွန်တော်တို့ ကမ္ဘာကြီးမှာ လူတွေသန်းပေါင်းများစွာသေကြေ ပျက်စီးပြီး လူသန်းပေါင်းများစွား အိုးမဲ့အိမ်မဲ့ အခြေအနေမဲ့တွေဖြစ်ကြရရှာတယ်။အဲဒီလို အခြေအနေတွေကြားမှာ မြေဇာပင်အဖြစ် ပိုခံစားရတဲ့သူတွေ ကအပြစ်မဲ့တဲ့ခလေးသူငယ်လေးတွေရယ်ပါ။ကမ္ဘာပေါ်မှာ စစ်ပွဲတွေကိုဖန်တီးဖို့ အားသန်နေကြတဲ့သူတွေ အမြဲသုံးလေ့ရှိတဲ့ လက်သုံးစကားက
""ငြိမ်းချမ်းရေးကိုစစ်နဲတည်ဆောက်တာအကောင်းဆုံးပါ""
တဲ့။ကျွန်တော်တို့ကမ္ဘာကြီးမှာ ဖြစ်လိုက်ကြတဲ့စစ်ပွဲတွေထောင်သောင်းချီကြားထဲမှာ အပြစ်မရှိ၊အပြစ်မသိသေး တဲ့ ကျွန်တော်တို့ရဲခလေးငယ်လေးတွေ ဘယ်လောက်တောင် သေကြေပျက်စီးပြီ ဘယ်လောက်များ အနာဂါတ်မဲ့သွားကြရရှာနေပြိလဲ။
အဆင်ခြင်မဲ့လူကြိးတွေကြောင့် ကမ္ဘာပေါ်မှာ ခလေးငယ်လေးတွေ ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားရမဲ့ အရွယ် ပျော်ရွှင်စွာ ကျောင်းစာသင်ခန်းထဲမှာ စာမသင်ကြရပဲ အနာဂါတ်ဆိုတာမသိ လမ်းဘေးမှာတောင်းရမ်းစားသောက်နေရတဲ့ခလေးငယ်လေးတွေကျွန်တော်တိုကမ္ဘာပေါ်မှာ အရေအတွက် ဘယ်လောက်များများရှိနေကြရှာသလဲ....?
ဘာသာရေးမုန်းတီးမှု့ လူမျိုးရေးမုန်းတီးမှု့ စီးပွားရေးအမြတ်ထုတ်လိုမှု့ အခြားအခြားသောရန်လိုမုန်းတီးမှု့ တွေကြောင့် ဖန်တီးခဲ့ကြတဲ့စစ်ပွဲတွေကြောင့် ခလေးငယ်လေးတွေခိုကိုး ရာမဲ့ စားရမဲ့သောက်ရမဲ့ အခြေအနေတွေနဲအတူ စာလောင်မွတ်သိပ်စွာ သေအံဆဲဆဲ ခလေးငယ်လေးတွေ ဘယ်လောက်များများ ကျွန်တော်တိုကမ္ဘာပေါ်မှာနေကြရှာသလဲ....?
မိဘတွေရဲစွန့်ပြစ်မှု့ကြောင့် မိဘမဲ့ဂေဟာ တွေမှာ မိဘမေတ္တာငတ်မွတ်နေကြတဲ့ ခလေးငယ်လေးတွေ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အရေအတွက်ဘယ်လောက်များများရှိနေကြရှာသလဲ...?
ဒါတွေအားလုံးဟာ အဆင်အခြင်မဲ့လူကြီးတွေရဲ ရန်လိုမုန်းတီးမှု့အငြိုးအတေး တွေနဲ့လောဘ မောဟ တွေကြောင့်ပါ။
စာဖတ်သူ အသင်ရော ဘယ်လိုခံစားမိပါသလဲ?? ကမ္ဘာပေါ်မှာ ဒိလိုခံစားနေကြရရှာတဲ့ခလေးငယ်လေးတွေ လိုစာဖတ်သူတိုရဲ့ ရင်သွေးငယ်လေးတွေကို ခံစားစေချင်မှာမဟုတ်ဘူးဆိုတာတော့ အသေချာပါပဲ။ဒါကြောင့်
....ခလေးငယ်လေးတွေရဲ အနာဂါတ်ကိုဖြူစင်လွတ်လပ်နေအောင် ကူညီရင်း လူကြိးပီသနိုင်ကြပါစေ....
အေးဗျာမြင်ရတာစိတ်မချမ်းသာလိုက်တာ...............
ReplyDeleteခက်တယ် ဘယ်ကောင်ကများ စထွင်လိုက်လဲမသိဘူး စစ်ပွဲတွေမှာ မတရားတာမရှိရင် ဟစ်တလာလဲ တရားတဲ့ လူဖြစ်မယ် အချစ်မှာမတရားတာမရှိရင် မုဒိမ်းကောင်တွေလဲ အချစ်ကြီးသူတွေဖြစ်မယ်.....အကောင်းဆုံးက အလယ်အလတ်ဘဲကောင်းပါတယ် လောဘ ဒေါသ မောဟတွေလျော့နိုင်သလောက်လျော့ပြီး ကလေးတွေမျက်နှာကိုကြည့်ကြပါစို့
ReplyDelete