Jan 31, 2013
ငလျင်
(၂၀၀၈ ကလှုပ်သွားတဲ့တရုပ်ငလျင်)
မနေ့ကည၈နာရီ၁၅မိနစ်လောက်ကရန်ကုန်မြို့ပေါ်မှာငလျင်အသေးစားလေးလှုပ်သွားတယ်။ကျွန်တော်ကလမ်းပေါ်မှာရှိနေတဲ့အချိန်
လမ်းလျောက်နေရင်း ခေါင်းထဲမှာရိပ်ခနဲဖြစ်သွားလို့ကိုယ့်ကိုကိုယ်အရမ်းစိုးရိမ်မိသွားတယ်ငါ့မှာသွေးတိုးရောဂါများရှိနေလားလို့ပေါ့။
နောက်မှလူတွေဟိုနားတစ်စုဒီနားတစ်စုစကားတွေပြောနေတာကိုတွေ့မှ သြော်ငလျင်လှုပ်သွားတာပဲလို့သိလိုက်ရတယ်။
ချက်ချင်းအိမ်ကလူတွေအတွက်လည်းစိုရိမ်မိသွားတယ်ဒါနဲအိမ်ကိုအရောက်ပြေးပြီးကြည့်လိုက်တော့အမေနဲမောင်နှမတွေဝရံတာမှာစုပြီး
ထိုင်နေတာကိုတွေ့မှစိတ်ထဲနည်းနည်းသက်သာသွားမိတယ်။
ကျွန်တော်တို့ မြန်မာပြည်မှာက ငလျင် အကြီးစားတွေမလာခင် ဒီလိုငလျင်အသေးစားလေးတွေ လာတတ်လေ့ရှိတယ်။ဂျပန်နိုင်ငံလို ငလျင်ဒဏ်ခံနိုင်တဲ့ တိုက်တွေအဆောက်အဦးတွေ တည်ဆောက်နိုင်တဲ့ နိုင်ငံတောင် ငလျင်လှုပ်ရင် သေကြေပျက်စီးကြရတာပဲ။ကျွန်တော်တို့မြန်မာပြည်မှာ ရော အခုလိုကန်ထရိုက်တာတွေရဲ ဖြစ်ကတက်ဆန်း တည်ဆောက်ထားကြပုံမျိုးနဲ့ဆိုရင်တော့ မတွေးရဲစရာပါပဲ။
ကျွန်တော်တို့ ရန်ကုန်မြို့က မြန်မာပြည်မှာလူသိများတဲ့ စစ်ကိုင်းပြတ်ရွေ့ ကြောပေါ်တည့်တည့်ကျတာမဟုတ်ပေမဲ့ ရန်ကုန်မြို့ရဲ့ အရှေ့ဘက်ကီလိုမီတာ ၂၀ လောက် သုံးခွဘက်ကနေ ဖြတ်သွားတာဆိုတော့ အဖျားခတ်နိုင်တယ်။ကျွန်တော်က ဒီလထဲမှာမှဆောက်လို့ပြီးတဲ့ ကန်ထရိုက် တိုက် ၄လွှာမှာနေတော့ ညအိပ်ယာဝင်ခါနီးတောင် စိတ်ထဲကတထင့်ထင့်နဲဖြစ်လို့နေပါတယ်(သိတယ်မှတ်လား....အဖျားခတ်တာလဲကြောက်ရတယ်)။
မျက်လုံးထဲမှာလဲငလျင်လှုပ်လို့ ပြိုပျက်သွားတဲ့အိမ်တွေ သေကြေပျက်စိးကြရတဲ့ လူတွေ ကိုတွေးမိလေ အိပ်မပျော်လေပါပဲ။
(၃၁.၂၀၁၃ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကွန်မန့်တွေကအားဆေးတစ်ခွက်ပါ