မလေးရှားကိုရောက်တုန်းရောက်ခိုက် လေ့လာသင့်တဲ့နေရာအလည်သွားသင့်တဲ့နေရာတွေအရောက်သွားဥိးမယ်လို့ စိတ်ထဲမှာကြုံးဝါးဘူးတယ်။ဒီလိုနဲ့မလေးရှားမှာနေခဲ့ရတုန်းကမလေးရှားတစ်နိုင်ငံလုံးမှာရှိတဲ့နာမည်ကြီး ရှေပင်းမောလ်
တွေထဲကတစ်ခုဖြစ်တဲ့theminesဆိုတဲ့ ရှော့ပင်းမောလ်ကြီးကိုရောက်ခဲ့ရတယ်။
kl(ကွာလာလမ်ပူရ်)မြိုကနေNo56bus
စီးလာရင်blakongဆိုတဲ့မြိုလေးမှာတည်ရှိတယ်။ဒီကုန်တိုက်ကြီးကိုကားပေါ်ကနေလှမ်းမြင်နေရကတည်းကိုက
အမြန်ရောက်ချင်ဇောတွေတိုးလိုလာမိတယ်ဘာကြောင့်လဲဆိုတော့အဝေးကနေလှမ်းမြင်နေရတာတဲ့မြင်ကွင်းတစ်ခုက ကျွန်တော်တို့ရန်ကုန်ကအင်းယားကန်ကြီးနဲအရမ်းတူနေလိုပါ။ဒီလိုပါအဲဒီကုန်တိုက်ကြီးကရန်ကုန်ကအင်းယားကန်လို
ရေကန်ကြီးတစ်ခုရဲဘေးမှာတည်ဆောက်ထားလို့ပါ။ဒီရေကန်ကြီးကိုမြင်မိတော့မြန်မာပြည်ကိုပြန်လွမ်းမိပါတယ်။
ရေကန်ကြီးရဲနံဘေးမှာတည်ဆောက်ထားပြီးဒီရှော့ပင်းမောလ်ကြီးရဲ အောက်ထပ်ကိုရေတွေစီးဆင်းစေတာအရမ်းကြည့်လို့လှပါတယ်။ ဒီကုန်တိုက်ကြီးရဲ အောက်ကနေ..watertaxi လို့ခေါ်တဲ့ လှေငယ်လေးတွေနဲအတူ ရေကန်ကြီးထဲကို လျောက်ကြည့်ရတာ စိတ်ကြည်နူးမှု့တစ်ခုပါပဲ။
ကားပေါ်ကဆင်းဆင်းပြီးခြင်း ကုန်တိုက်ကြီးရှိရာ တဖက်ကားလမ်းကိုကူးဖို့ ကားတွေအဆက်မပြတ် မောင်းနေတာကို စောင့်လိုက်တာ ၁၅မိနစ်လောက်ကြာသွားတယ်။နောက်မှ လူတွေမြေအောက်လှေကားလေးတစ်ခုထဲဆင်းဆင်းသွာတာတွေ့မှ သိလိုက်ရတာက တဖက်ကားလမ်းကူးဖို့ အတွက်ဖောက်ထားတဲ့ မြေအောက် လိုဏ်ခေါင်းလေးကို အခုလိုတွေ့လိုက်ရတယ်။
(ရေကန်ကြီးကနေဖြာဆင်းလာတဲ့ ချောင်းငယ်လေးကို ခွပြီးတည်ဆောက်ထားတာကိုက ဒီကုန်တိုက်ကြီးရဲ ထူးခြားမှု့တစ်ခုပါပဲ)
No comments:
Post a Comment
ကွန်မန့်တွေကအားဆေးတစ်ခွက်ပါ