မိတ်ဆွေတိုရဲ့ကွန်မန့်တွေကကျွန်တော့အတွက်အားဆေးတစ်ခွက်ပါ

Feb 5, 2013

ထူးထူးခြားခြားဖြစ်အောင်


မောင်စိုးမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။တော်တ်ာရှည်တဲ့ကောင်။သူများတွေထက်ထူးထူးခြားလုပ်
တာကိုမှကျေနပ်တာ။တစ်နေ့မောင်စိုးတို့သူငယ်ချင်းတစ်စုလဘ္ဘက်ရည်ဆိုင်ထိုင်နေတုန်း သူ့ရဲဗိဇ
ကပြပါလေရော။စာပွဲထိုးကောင်လေးကိုခေါ်ပြီးလဘ္ဘက်ရည်ခွက်အလွတ်နှစ်ခွက်ထဲကို နို့ဆီကတစ်ခွက်
လဘ္ဘက်ခြောက်အကျရည်ကတစ်ခွက်ထဲခိုင်းပြီးဇွန်းနဲ့မွှေတယ်။

""နိုဆီသပ်သပ်သကြားသပ်သပ်နဲ့ကြော်ငြာတဲ့ဟိုကြော်ငြာထက်
...ငါကထူးတယ်ကွ..""
ဒီလိုနဲ့နိုဆီထည့်လိုက်အကျရည်ထည့်ပြီးမွှေလိုက်နဲ့လဘ္ဘက်ရည်တစ်ခွက်လုံးအရသာပျက်သွားလို့သွန်ပြစ်
လိုက်ရတယ်။နောက်မှမှာနေကြအတိုင်းအသစ်ပြန်မှာပြီးသောက်ရတယ်။အဲ့လို့ထူးထူးဆန်းလုပ်ရတာကို
ကြေနပ်တဲ့ကောင်။သူငယ်ချင်းတွေဝိုင်းပြီး ထောပနာပြုတယ်။
""".... တော်တော်ရှည်တဲ့ကောင်..."""""
လဘ္ဘက်ရည်ဝိုင်းထဲကစကားကြွယ်တဲ့ မောင်ကောင်းက၀င်ပြောတယ်။
""".....ဒီလိုကွတစ်ခါတုန်းက၇ွာတစ်ရွာမှာသူများတွေထက်ထူးတာကိုမှလုပ်ရတာကိုကျေနပ်တတ်တဲ့
လင်မယားနှစ်ယောက်ရှိတယ်..."""
""...အဲ့ဒိလင်မယားကဘာပဲလုပ်လုပ်သူများထက်ထူးတာကိုလုပ်နေရမှကျေနပ်တာ။ဒိလိုနဲသူတိုမှာ သားလေးတစ်ယောက်ရလာတယ်။ဒိတော့လင်မယားနှစ်ယောက်တိုင်ပင်တယ်။ဒီရွာထက်မှာရှိတဲ့
ခလေးတွေအားလုံးထက်ပိုပြီးထူးခြားတဲ့အမည်ကိုပဲပေးချင်တယ်။တစ်ညလုံးလင်မယားနှစ်ယောက်
တိုင်ပြီးသူတိုစိတ်တိုင်းကြအမည်လေးတစ်ခုရသွားတယ်။သူတို့ပေးလိုက်တဲ့အမည်လေးကသူများခလေး
တွေထက်တော့အရမ်းထူးခြားတယ်။မိုးထက်အာကာဖြိုးမောက်ပြည့်စုံလင်းထက်ဝင်းထွန်း..တဲ့။ဒီလိုနဲ
သူတို့ခလေးကတခြားခလေးတွေလိုဆော့ကစားတတ်တဲ့အရွယ်ရောက်လာတော့အစွမ်းကုန်အောင်ဆော့
ပါလေရော။ဒီလိုနဲတစ်နေ့မှာသူတိုရဲခလေးကတခြားခလေးတွေလိုပဲရေကန်ထဲဆင်းဆော့လိုက်တာရေနစ်
နေပါလေရော..။ တခြားခလေးတွေ ကဆင်းမကယ်နိုင်တော့ သူတိုလင်မယားဆီပြေးလာပြီးပြောကြတယ်.""
""ဥိးလေးရေအဒေါ်လေးရေ """

""""...ဟေ..ဘယ်သူလည်းကွ..""".
""ရေကန်ထဲမှာ ဥိးလေးရဲသား မိုးထက်အာကာဖြိုးမောက်ပြည့်စုံ..."""....အေး အေး ဘာဖြစ်လည်းပြောကွ....:"""
".....ဦးလေးရဲသားမိုးထက်အာကာဖြိုးမောက်ပြည့်စုံလင်းထက်ဝင်းထွန်း...လေ""""
အဲဒိလာပြောတဲ့ခလေးက ရေနှစ်နေတဲ့ခလေးရဲအမည်ကိုအပြည့်အစုံခေါ်နေတာနဲလိုရာမရောက်နိုင်ဘူးဖြစ်
နေရော။ဒီလိုနဲလင်မယားနှစ်ယောက်စိတ်မရှည့်တော့ပဲသူတို့အိမ်နားကခလေးတွေဆော့နေတဲ့ရာကိုသွား
ကြည့်မှသူတို့ခလေးရေနစ်နေတာကို တွေလိုက်ရတယ်။အချိန်မှိလေးကယ်ဆယ်လိုက်လို့ သေကံမရောက်
တော့ဘူး။သူတို့လင်မယားအရမ်းစိုရိမ်သွားတယ်သူတိုသားလေးရဲအမည်ကခေါ်ရတာရှည်နေလိုပေါ့။
ဒိလိုနဲလင်မယားနှစ်ယောက် တစ်ညလုံးတိုင်ပင်ပြီးနောက်ထပ်အမည်ထူးထူးခြားခြားလေး တစ်ခုထပ်ရှာကြပြန်တယ်။သူများခလေးတွေထက်လည်းထူးခြားချင်တဲ့စိတ်ကလည်းဖျောက်လို့မရတော့။
 နောက်ဆုံးတော့ သူတို့ရဲထူးခြားတဲ့အကျင့်နဲလည်းကိုညီပြီးသူများခလေးတွေထက် အရမ်းထူးခြားတဲ့အမည်လေးရလိုက်တယ်။ ဒိလိုနဲနောက်နေ့မနက်လည်းရောက်ရော တခြားခလေးတွေရဲ့ ပါးစပ်မှာ ခေါ်သံလေးတစ်ခုကြားရတယ်။
 """"...အရှည်ကြီးရေ....အရှည်ကြီးရေ....."""

No comments:

Post a Comment

ကွန်မန့်တွေကအားဆေးတစ်ခွက်ပါ

Related Posts Plugin for WordPress, Blogger...