မိတ်ဆွေတိုရဲ့ကွန်မန့်တွေကကျွန်တော့အတွက်အားဆေးတစ်ခွက်ပါ

Feb 6, 2010

ယောက်မလိုလူစားများ...

အသက်အရွယ်ရလာတာနဲ့အမျှအတွ့အကြုံဗဟုသုတတွေနဲ့လူအမျိုးမျိုးအဖုံဖုံကျွန်တော်တွေ့ခဲ့ရတယ်။
အတွေ့အကြုံဗဟုသတနဲ့ပတ်သက်လို့ပေါ့.။ကြုံတွေ့ခဲ့ရဖူးတဲ့လူတွေထဲမှာ တချို့က ဗဟုသုတဆိုတာကို စာတွေ့ ကိုယ်တွေ့ ရှာကြတယ် ၊တချို့ကြတော့ ကိုယ်တွေ့ပဲရှာကြတယ် တချို့ကြတော့လည်း စာတွေ့ပဲရှာကြတယ်။တွေ့ဖူးသမျှဗဟုသုတရှာကြသူတွေအားလုံးကတော့ သိတဲ့အတိုင်း ဘ၀အတွက်သင်ခန်းစာလိုချင်ကြလို့ပေါ့..။

ဗဟုသုတဆိုတာကလည်းကြုံဖူးတွေ့ဖူးကြားသိဖူးယုံနဲ့တော့ရတတ်တဲ့အမျိုးမဟုတ်.။
တချို့ကြတော့ရခဲ့တဲ့အတွေ့အကြုံကအများကြိးပါ ဒါပေမဲ့အဲ့ဒိအတွေ့အကြုံဗဟုသုတတွေကိုအသုံးမချတတ် သင်ခန်းစာမယူတတ်ကြလို့ဘ၀မှာအောင်မြင်မူ့တွေမရခဲ့ကြဘူး..။ဒုံရင်းကဒုံရင်းပဲပေါ့.။
တချို့ကြတော့လည်းကြုံခဲ့တွေ့ခဲ့ရတာတွေ့ကိုကြည့်ပြီး
""သြော်...ငါသာဒီလိုဖြစ်ခဲ့ရင်..အိုး...ဒီလိုတော့အဖြစ်မခံနိုင်ဘူး..ငါဒီလိုမဖြစ်အောင်ကြိုးစားမယ်ဆိုပြီး
နင်းကန်ကြီုးစားခဲ့ကြလို့ဘ၀အတွက်အောင်မြင်မူ့အသီးအပွင့်တွေခံစားကြရတယ်..။
စိတ်ချမ်းသာ လူချမ်းသာတွေဖြစ်ကုန်ကြတာပေါ့..။

ဗဟုသုတဆိုတာစွမ်းအားတမျိုးလို့ပညာရှိတွေကဆိုခဲ့ကြပါတယ်။ဒါပေမဲ့လက်တွေ့အသုံးချတတ်မှ
စွမ်းအားထက်လာတာမျိုးပါ.။ရခဲ့ပါတယ်အတွေ့အကြုံဗဟုသုတတွေအများကြီး
ဒါပေမဲ့ခေါင်းထဲထည့်သိမ်းထားယုံနဲ့တော့မဟုတ်သေးပါဘူး.။
လူတိုင်းလူတိုင်းမှာဘ၀အတွေ့အကြုံနဲ့ပတ်သက်ပြီးရင်ဖွင့်စရာစကားလေးတွေရှိတတ်ပါတယ်။
ကိုယ့်ပတ်ဝန်းကျင်လူတွေထဲကသူတိုဘ၀နဲ့ပတ်သက်တဲ့အတွေ့အကြုံအတွေးအမြင်သင်ခန်းစာတွေကို
ယူလိုရပါတယ်.။ကျွန်တော်တွေ့ဖူးတဲ့လူတွေထဲမှာ
""ငါ့ဘ၀မှာအတွေ့အကြုံဗဟုသုတတွေအများကြီး ရခဲ့တယ်ကွာ""လို့ညဉ်းငြုတဲ့လေသံတွေနဲ့ပြောတတ်တဲ့လူတွေကိုလည်းတွေ့ခဲရဖူးပါတယ်
ဒါပေမဲ့သူတိုတွေဟာဘ၀ကိုတခြားသူတွေထက်စာရင် အောက်ခြေမှာပဲကျင်လည်
ပျော်ရွှင်နေတတ်တဲ့သူတွေပါပဲ.။
ပြီးတော့""ငါ..အခုလိုအောင်မြင်လာတာရခဲ့တဲ့ဘ၀အတွေ့အကြုံတွေကိုသင်ခန်းစာယူပြိးအောင် မြင်အောင်ကြိုးစားခဲ့လို့ပဲကွ""ပြောတတ်တဲ့သူတွေကိုလည်းတွေ့ခဲ့ရဖူးပါတယ်
အားကြစရာကောင်းလောက် အောင်သူတို့ဘ၀တွေဟာ အောင်မြင်မူတွေရနေကြသူတွေပါ.။
တကယ်တော့ဗဟုသုတရှာမှိးရာမှာ လည်း ကိုယ့်ဘ၀နဲ့ပတ်သက်မဲ့ဟာမျိုး လက်တွေ့အသုံချတတ်ရင် ဘ၀အတွက်အောင်မြင်မူ့အသီးအပွင့်တွေ ကောင်းကျိုးချမ်းသာတွေပေးနိင်မဲ့ဟာမျိုးပဲ၇ှာသင့်တာပါ.။
ဗဟုသုတဆိုတာကလည်းရှာတိုင်းလည်းမကောင်း ဘူးလိုထင်မိပါတယ် ဘာလိုလည်းဆိုတော့ မဟုတ်တဲ့နေရာမှာ သွားရှာမိလို့ကတော့ ဘ၀မှာရေစုန်မျော သွားမဲ့ကိန်းပါ.။

ဥပမာလေးတစ်ခုတော့ရှိတယ်...မှတ်ထာဖူးတဲ့အဆိုအမိန့်လေးတစ်ခုပါ...

""""ဟင်းအိုးပေါင်းများစွာကိုမွှေနှောက်ခဲ့ဖူးသော်လည်းယောက်မသည်ဟင်းရဲအရသာကိုမသိ""တဲ့ ဘ၀မှာ ဗဟုသုတတွေ အတွေ့အကြုံတွေ များနေပေမဲ့လည်း သန်ခန်းစာမယူတတ်ရင် ယောက်မလိုလူစား တွေထဲရောက်သွားမှာပါ........။

                          (လေးစားလျက်....ဒီမိုးတိမ်)

No comments:

Post a Comment

ကွန်မန့်တွေကအားဆေးတစ်ခွက်ပါ

Related Posts Plugin for WordPress, Blogger...