ကျွန်တော်ငယ်ငယ်တုန်းကစာသင်ခဲ့ရဘူးတဲ့ဆရာမတစ်ယောက်ရှိတယ်.။
အမြဲတမ်းပြုံးပြုံးလေးဖြစ်နေတတ်တဲ့ဆရာမရဲ့မျက်နှာလေးက မြင်သူတိုင်းစိတ်ချမ်းသာရပါတယ်။အဲဒိဆရာမစာသင်ချိန်ဆိုအရမ်းပျော်တာပဲ ဘာလို့လဲဆိုတော့ ဆရာမကအသင်အပြလဲကောင်းသလိုပြုံးပြုံးလေးနဲ့စကားချိုချိုသာသာလေးပြောတတ်လိုပါ။
အဲ့ဒိဆရာမရဲ့ထူးခြားချက်တစ်ခုကဆရာမကကြိမ်လုံးသိပ်မကိုင်တတ်ခြင်းပါပဲ။
ကျွန်တော်တိုသူငယ်ချင်းတစ်စုက တခြားဆရာမတွေသင်တဲ့ ဘာသာရပ်တွေဆိုရင် ရေးတဲစာအုပ်တွေကို သပ်သပ်ရပ်ရပ်မထားရင်သာနေတယ် အဲဒိဆရာမသင်တဲ့ ဘာသာရပ်က စာအုပ်လေးကိုတော့ သပ်သပ်ရပ်ရပ်လေးထားတတ်ကြတာပါ။
ဆရာမရဲ့အပြုံးလေးနဲ့ဆုံးမ ခိုင်းစေတာက ထိရောက်လှပါတယ်။အဲဒိအရွယ်တုန်းက ဆရာမနဲ့ပတ်သက်ပြီးဖြစ်ချင်ခဲ့တဲ့ဆန္ဒလေးတစ်ခုရှိခဲ့ဖူးပါတယ်။အမေလို့ခေါ်ချင်တာပါ။
မှတ်မိနေသေးတယ် အတူထိုင်တဲ့သူငယ်ချင်းက ""အဲ့ဒိဆရာမသာငါ့အမေဆိုရင်ကောင်းမှာပဲတဲ့"' ကျွန်တော်တွေးသလိုသူငယ်ချင်းကလဲအဲလိုတွေမိတာလေ။ကျွန်တော်နဲ့သူငယ်ချင်းအတွေးတူခဲ့ကြသလို အဲဒိဆရာမနဲ့စာသင်ခဲ့ရဖူးတဲ့ကျောင်းသားကျောင်းသူတိုင်းလဲအဲဒိလိုအတွေးလေးတွေဖြစ်ခဲကြဖူးမှာ
အသေခြာပါပဲ။ ဆရာမက ကျောင်းမှာကျောင်းသားကျောင်းသူတွေနဲ့ ဆက်ဆံရင် ပြုံးပြုံးလေးနေတတ်သလို အပြင်ရောက်ရင်လဲ ကျောင်းသားမိဘတွေ နဲ့ မိတ်ဆွေတွေကို တွေ့၇င်လဲ ပြုံးပြုံးလေးနဲ့ နုတ်ဆက်စကားပြောတတ်တာပါ။အဲလိုအမြဲ ပြုံးနေတတ်တဲ့ ဆရာမရဲ့ အပြုံးလေးတွေက ဟန်ဆောင်အပြုံးလား သဘာဝအတိုင်းရှိနေတတ်တဲ့ အပြုံးလားဆိုတာ ကျွန်တော်တို့ အဲဒိ အချိန်တုန်းက မစဉ်းစားတတ်။ဒါပေမဲ့ ကျွန်တော်တို့သိနေတာက အဲ့ဒိလို ဆရာမကိုလူတိုင်းက ချစ်ခင်ကြတာ ဆရာမက အမြဲမြဲ ပြုံးပြုံးလေးနေတတ်လိုဆိုတာပါပဲ။အရွယ်ရောက်လာတော့ စာအုပ်စာပေတွေဖတ်ရူလေ့လာရင်းက ဗဟုသုတတွေတိုးပွားလာရပါတယ်။အောင်မြင်ရေးအတွေးအခေါ်စာအုပ်တွေ လူချစ်လူခင်ပေါများစေမဲ့ နည်းလမ်းစာအုပ်တွေ ဖတ်ရင်း လူချစ်လူခင်များစေမဲ့ နည်းလမ်းလေးတွေတွေ့လာရပါတယ်။အဲ့လိုလူချစ်လူခင်များစေမဲ့နည်းလမ်းတွေအများကြီးထဲမှာ အလွယ်ကူဆုံးနည်းလမ်းလေးက ""သင်လူချစ်လူခင်များတဲ့လူတစ်ယောက်ဖြစ်ချင်ရင် ပြုံးပါ""ဆိုတဲ့ အချက်လေးကိုသဘောကျမိတယ်။ ဘာလိုလဲဆိုတော့အရမ်းလွယ်လိုပါ။ကိုယ့်အတွက်မခက်ခဲမရှိဘူး။မပင်ပန်းဘူး။
ကိုယ့်ဘ၀ပေးအခြေအနေက မကောင်းလို့ ရုပ်အဆင်းကမတင့်တယ်နေရင်တောင် ဒါမှမဟုတ် ကိုယ်က ပြုံးလေ ရုပ်ဆိုးလေ ဖြစ်နေရင်တောင် ဘာမှအားမငယ်ပါနဲ့ ရဲရဲသာပြုံးပါ ဘာဖြစ်လို့လဲဆိုတော့ အဓိက ကိုယ်ပြုံးတာမလှပေမဲ့ တဖက်လူက ကိုယ်ပြုံးနေတာသိသာမှာပါ။ကိုယ်ပြုံးနေတာသူသိရင်ပြီးတာပါပဲ။ပြုံးရတာအရမ်းလွယ်ပါတယ် မဲ့၇ွဲ့နေအောင်နေရတာခပ်တည်တည်ဖြစ်အောင်နေရတာသာခက်လှပါတယ်။
လူမူ့ဆက်ဆံရေးနယ်ပယ်ထဲမှာ ကိုယ်နဲ့သိကျွမ်းတဲ့သူတွေနဲ့ဖြစ်စေ မသိတဲ့သူတွေနဲ့ဖြစ်စေ သူတို့နဲ့ကိုယ့်ကို အဓိက ပေါင်းကူးစေမှာကပြုံးခြင်းပါပဲ။
ကောက်ကျစ်အပြုံးနဲ့ နှစ်လိုဖွယ်ကောင်းတဲ့အပြုံးဆိုတာလဲရှိပါသေးတယ်။
လောကမှာလူအမျိုးမျိုးအဖုံဖုံရှိကြတာပါ။မျက်လုံးကစိတ်ရဲ့ အခြေအနေအမျိုးမျိုးကိုဖော်ပြတတ်တာပါ။အဲ့ဒိတော့ ကိုယ့်စိတ်ထဲက ကောက်ကျစ်တဲ့စိတ်နဲ့အတူ ပြုံးပြနေရင်တော့ တဖက်လူရဲ့စိတ်ထဲမှာ""ပြုံးနေရင်သတိထား""ဆိုတဲ့ အတွေးတွေဝင်လာမှာပဲ။
မိုနာလီဆာ ရဲ့အပြုံးဟာ ကမ္ဘာကျော်ခဲ့တာ မှန်ပေမဲ့ ကိုယ့်အတွက် ဘာမှအကျိုးမရှိပါဘူး ဒါပေမဲ့ ကိုယ့်အပြုံးကြောင့် တဖက်လူ စိတ်ချမ်းသာသွာရရင် တော့ ကိုယ့်အတွက်အကျိုးရှိမှာပဲ။ကုသိုလ် တစ်မျိုးရပါတယ်။
(လေးစားလျက်.....ဒီမိုးတိမ်)
No comments:
Post a Comment
ကွန်မန့်တွေကအားဆေးတစ်ခွက်ပါ